Sunday, February 22, 2009

အယ်အေက ဘာသာပေါင်းစုံ ဆုတောင်းပွဲ (သို့ ) အနီရောင် လှုပ်ရှားမှု




အယ်အေက ဘာသာပေါင်းစုံ ဆုတောင်းပွဲ (သို့ ) အနီရောင် လှုပ်ရှားမှု


စက်တင်ဘာ ၃၀ ရက်၊ Monterey Park, California

မြန်မာပြည်တွင်း၌ စစ်အစိုးရ၏ရက်စက်မှုကြောင့် ပျံလွန်တော်မူသွားသောရဟန်းသံဃာတော်များ၊ သေဆုံး သွားသော ပြည်သူပြည်သားများအတွက်လည်းကောင်း၊ အမိမြန်မာပြည် ငြိမ်းချမ်းစေရန်အတွက် လည်းကောင်း ရည်စူး၍ ဘာသာပေါင်းစုံဆုတောင်းပွဲတခုကို Monterey Park ရှိ Barnes ပန်းခြံတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်း အနားသို့ အယ်အေရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေါင်းစုံမှ ဆရာတော် ၁၂ ပါး စုံညီစွာ ကြွရောက်၍ ဆုတောင်းမေတ္တာပေးပို့ ခဲ့ကြသည်။

(၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပခြင်း တိုကျို-ဂျပန်


(၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို တိုကျို-ဂျပန် (MEIJI DAIGAKU)တွင် ပုညကာရီမွန်အမျိုးသားများအဖွဲ့မှ ဦးဆောင် ကျင်းပ၍မွန် တိုင်းရင်းသားများနှင့်အတူဂျပန်ရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် ဂျပန်ဧည့်သည်တော်များစုစုပေါင်း လူဦးရေ ၁၅၀ ခန့်တက်ရောက်ခဲ့ကြပါသည်။

ဂျပန်နိုင်ငံတိုကျိုမြို့ လွှတ်တော်ရုံးရှေ့တွင်ဆန္ဒပြခြင်း

၂၀၀၉ ဖေဖော်ဝါရီ ၁၉ ရက်နေ့၊ ဂျပန်နိုင်ငံတိုကျိုမြို့ လွှတ်တော်ရုံးရှေ့တွင် ဒေါ်အောင်ဆန်းဆုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (ဂျပန်ဌါနခွဲ) မှ ဦးစီး၍ ဂျပန်နိုင်ငံရှိအဖွဲ့စည်းပေါင်းစုံမှ လူဦးရေ ၈၀ ခန့် ပူးပေါင်းပါဝင်ပြီး နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ ထိ တနာရီကြာဆန္ဒပြခဲ့ကြပါသည်။

ရွှေဝါရောင်တော်လှန်ရေး